11 Jan 2016

မော်လမြိုင် TU အောင်စာရင်းကို အွန်လိုင်းကကြည့်ရှုနိုင်ရန် စီစဉ်

မော်လမြိုင်  ဇန်န၀ါရီ ၁၂
၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစပြီး နည်းပညာတက္ကသိုလ် (မော်လမြိုင်)ရဲ့ အောင်စာရင်းကို အွန်လိုင်းကနေ ကြည့်ရှုနိုင်တော့မှာဖြစ်ကြောင်းသိရသည်
"ဆရာတို့ကတောင် အောင်စာရင်းကို ည  ကတည်းက ကပ်ပေးချင်တာပါ အခုအွန်လိုင်းကနေ ကြည့်လို့ရအောင် လုပ်ခွင့်ပေးဖို့ တောင်းဆိုတော့ ဆရာတို့က အောင်စာရင်း ၅ နာရီ ကပ်ရင် ၅နာရီထိုးတာနဲ့ အွန်လိုင်းပေါ်ရောက်ရင် အဆင်ပြေပြီ ဆိုရင်တော့လည်း လုပ်ပါ ဆက်သွယ်လိုက်ပေါ့'' ဟု မော်လမြိုင် TU ကျောင်းအုပ်မှ  TU Rkarmin သို့ပြောသည်
အောင်စာရင်းတွေကို အွန်လိုင်းကနေ ကြည့်ရှူနိုင်ရန် သန်လျင် TU ရဲ့ TTU Page မှ စီစဉ်ပေးလျက်ရှိပြီး  မော်လမြိုင် TU မှာလည်း ယင်းကဲ့သို့ လုပ်ပေးနိုင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်

No comments:

Post a Comment