ပင်စင်စား နိုင်ငံ့ဝန်ထမ်းများအား မိမိတို့ နေထိုင်သည့် မြို့နယ်စာတိုက်ရုံးများတွင် လူကိုယ်တိုင်ဖြစ်စေ၊ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ရုံးချိန်အတွင်း ရုံးတွင် လျှောက်လွှာဝယ်ယူ၍ မြေကွက် ( ၁ ကွက် ) လျှောက်ထားနိုင်ပါသည်။
ပူးတွဲပါ စာရွက်စာတမ်းများ
၁။ မှတ်ပုံတင် မိတ္တူ
၂။ သန်းခေါင်စာရင်း မိတ္တူ
၃။ ပင်စင်စာအုပ် မိတ္တူ
၎။ ပင်စင် စမတ်ကဒ် မိတ္တူ
တို့နှင့် ရုံးမှ လျှောက်လွှာစာရွက်တွင် လိုအပ်သည့်အချက်များ ဖြည့်ပြီး၊လေယာဉ်စာအိတ် အကြီးထဲ ထည့်၍ စာတိုက်တွင် မှတ်ပုံတင်ပြုလုပ်၍
သို့
ဦးမြင့်ဆွေ
ဝန်ကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့
ရန်ကုန်မြို့။
ဟု လိပ်မူပြီး လျှောက်ရပါမည်။
* သက်ပြည့်ပင်စင်များ
* လုပ်သက်ပြည့်ပင်စင်များ
* ဆေးပင်စင်များ အားလုံး (၂၀.၁.၂၀၁၆) နေ့ထိ လျှောက်ထားနိုင်ပါသည်။
* ဖတ်မိသောသူများ ကျေးဇူးပြု၍ ပြန်လည်မျှဝေပေးခြင်းဖြင့် ဇရာတွင်း ဝင်ရောက်နေသော ပင်စင်စားများအား ကူညီရာရောက်ပါသည် *
ဒေါ်အေးမြတ်လွင်
မူလတန်းပြ ( ငြိမ်း )
အ.ထ.က ( ၂ ) စမ်းချောင်း။
မူရင်းလင့်
https://m.facebook.com/story.php?story_fbid=1561224057534411&id=100009404969728
No comments:
Post a Comment